Friday, April 9, 2010
မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင့့် 
9 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ မနက်ဖြန်ဆိုရင် ကျွန်မ အင်ဒိုနီရှားရောက်နေတာ သုံးလ ပြည့်ပြီမို့ မြန်မာကို ပြန်ပါတော့မယ်နော်။ သင်္ကြန်အမီပြန်နိုင်တယ်လို့ပဲ ကိုယ့်ဟာကိုယ် ဂုဏ်ယူစွာနဲ့ တူးပို့တူးပို့ဒိုးသံကြားမှာ ရင်ခုန်မိနေပါတယ်။ ပြန်ရတော့မှာမို့ ဒီမှာခင်မင်ခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မကို စောင့်ရှောက်ထားတဲ့ အဖေနဲ့အမေတို့ကို ခွဲဖို့ အရမ်း စိတ်မကောင်းဖြစ်မိသလို ကိုယ့်မြေ ကိုယ်ရေကို နှစ်ကူးအချိန်ခါသမယမှာ ပြန်ရမှာမို့လည်း ၀မ်းသာကြည်နူးမိပါတယ်။
ကျွန်မရဲ့ ဘလော့ဂ်မောင်နှမများကိုလည်း နှစ်သစ်ကူးမှာ အစစအရာရာ အဆင်ပြေပြီး ရွှင်လန်း ချမ်းမြေ့ ကြပါစေလို့ ကျွန်မတို့ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ကောင်းချွေပါတယ်နော်။ သင်္ကြန်ပိတ်ရက်မှာ သင်္ကြန်အစားအစာတွေ လုပ်စားနိုင်ဖို့အတွက်လည်း မီးဖိုဆောင်လေးထဲကမှာ အရင်ကတည်းက တင်ပြီးသား လင့်ခ်လေးတွေကို မောင်နှမ အလွယ်တကူရှာဖွေလို့ရအောင် ဒီနေရာမှာ တစ်စုတစည်းတည်း ပြန်တင်ပေးခဲ့ပါမယ်နော်။
သင်္ကြန်ဆိုရင် မဖြစ်မနေ လုပ်စားကြတာက ရွှေရင်အေးပါပဲနော်။ သူ့အတွက် လင့်ခ် ၂ ခုရှိပါတယ်။
ပထမတစ်ခုက ကျွန်မရုံးက မောင်နှမတွေကို လုပ်ကျွေးခဲ့တဲ့ ရွှေရင်လေးလင့်ခ်လေး ဖြစ်ပါတယ်နော်။ http://lulucooking.blogspot.com/2008/04/blog-post_11.html
ဒုတိယတစ်ခုက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ ရွှေရင်အေးပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ရွှေရင်အေး လင့်ခ်လေး ဖြစ်ပါတယ်နော်။
http://lulucooking.blogspot.com/2009/01/blog-post_09.html
မုန့်လုံးရေပေါ်အတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/12/blog-post_19.html
အုန်းနို့သာကူကျိုအတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/09/blog-post_2804.html
မုန့်ပိန္နဲစေ့လုပ်စားချင်တဲ့ မောင်နှမတွေအတွက်ကတော့ ဒီလင့်ခ်လေးကို သွားလိုက်ပါနော်။
http://lulucooking.blogspot.com/2008/01/blog-post_06.html
မွန်လို ဘရပ်ဘော့လို့ ခေါ်တဲ့ ငှက်ပျောပေါင်းလေး လုပ်စားမယ်ဆိုရင်တော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/12/blog-post_29.html
သာခွေယိုင်လုပ်စားမယ်ဆိုရင်တော့ ဒီလင့်ခ်လေးကို ကြည့်လိုက်ပါနော်။
http://lulucooking.blogspot.com/2008/05/blog-post_01.html
သီးစုံကျောက်ကျောအတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/09/blog-post.html
ပြောင်းဖူးကျောက်ကျောလုပ်စားမယ်ဆိုရင်တော့ ဒီလင့်ခ်မှာပါနော်။
http://lulucooking.blogspot.com/2010/01/blog-post.html
ဒီလင့်ခ်လေးကတော့ အုန်းစိမ်းပင်ပွားကျောက်ကျောလုပ်နည်းလေးပါနော်။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ ကျောက်ကျောပြိုင်ပွဲမှာ တတိယဆု ရခဲ့တာပါနော်။
http://lulucooking.blogspot.com/2008/03/blog-post_04.html
ဆိမ့်သက်အရသာနဲ့ ကျောက်ကျောလေးစားချင်ရင်တော့ ပူတင်းကော်ဖီကျောက်ကျောလေး လုပ်စားကြည့် ပါဦးနော်။
http://lulucooking.blogspot.com/2008/03/blog-post_12.html
ချောကလက်ရနံ့အရသာကိုကြိုက်နှစ်သက်တဲ့ မောင်နှမတွေအတွက်ကတော့ ချောကလက်ကျောက်ကျော လေး လုပ်စားကြည့်ပါဦးနော်။
http://lulucooking.blogspot.com/2008/12/blog-post_23.html
အအီလည်းပြေစေ၊ အအေးလုပ်သောက်ဖို့လဲအဆင်ပြေစေတာကတော့ ဆားငန်သီးကျောက်ကျောလေး ပါနော်။ ဒီလင့်ခ်ကို သွားကြည့်ပါဦးမောင်နှမတို့ရေ့ 
http://lulucooking.blogspot.com/2009/08/blog-post_1406.html
စတော်ဘယ်ရီရနံ့သင်းနဲ့ စားချင်ရင်တော့ ဒီလင့်မှာ နို့စတော်ဘယ်ရီကျောက်ကျော လုပ်နည်း ရှိပါ တယ်နော်။
http://lulucooking.blogspot.com/2008/02/blog-post_10.html
ဒါကလည်း အရသာတစ်မျိုးလေးနဲ့ စားကောင်းလှတဲ့ နို့ကီဝီကျောက်ကျောလေးပါနော်။ ကီဝီစေ့လေး တွေကို ကိုက်မိတဲ့အခါတိုင်း အရသာရော ရနံ့တစ်မျိုးလေးနဲ့မို့ လုပ်စားကြည့်ပါဦးနော်။
http://lulucooking.blogspot.com/2008/01/blog-post_21.html
မောင်နှမတို့ရေ့  ဒီလောက်ဆိုရင်တော့ သင်္ကြန်ပိတ်ရက်မှာ မိသားစုတွေ သူငယ်ချင်းတွေစုံလင်စွာနဲ့ တာသင်္ကြန်ချိန်ခါမှာ မြန်မာ့ရိုးရာမုန့်လေးကို ပျော်ရွှင်စွာနဲ့ ချက်ပြုတ်သုံးဆောင်နိုင်ကြပါစေနော်။
မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြမယ်လို့ မျှော်လင့်ရင်း ကျွန်မချစ်သောမောင်နှမများကို ခဏနှုတ်ဆက်ပါရ စေနော်။ မြန်မာပြန်ရောက်တဲ့အခါလည်း မောင်နှမများအတွက် တတ်နိုင်သလောက် ဟင်းအသစ်အသစ်များ ကို ကြိုးစားချက်ပြုတ်ပြီး ၀ိုင်းတော်သားများထံကတဆင့် ပို့စ်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော်။ ချစ်သောမောင်နှမများ ခဏတာ့တာပါနော့့် 
ပျော်ရွှင်ဖွယ်အတိပြီးသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့လည်း ကျွန်မတို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ချွေပါတယ်နော့့် 
Thursday, April 8, 2010
ဝက်နံရိုးတုံယမ်းချက်
7 comments
            ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို ၀က်နံရိုးတုံယမ်း ဟင်းချက်နည်းလေး မျှဝေပေးပါစေဦးနော်။ ကျွန်မတို့ဘလော့ဂ်မာင်နှမ တစ်ယောက်ဖြစ်တဲ့ Blogger လေး က မေးလ်ပို့ပြီး မေးလာပါတယ်။
အမရေ...
ကျွန်တော့မှာ ဒါတွေရှိတယ်။ ဘာချက်သင့်လဲ အကြံပေးပါဦး။
၁။ ဝက်သား၊ ကြက်သား၊ Lamb သား
၂။ မဆလာ
၃။ ငံပြာရည်
၎။ ပဲငံပြာရည် အကြည် အနောက် ၂ မျိုးလုံး
၅။ ဆား၊ သကြား၊ အချိုမှုန့် ကြက်သားမှုန့်
၆။ ကြက်သွန် ဖြူနီ ဂျင်း
၇။ သစ်ဂျပိုး၊ နာနတ်ပွင့်၊ ပျင်းတော်သိန်၊ ကရဝေးရွက်
၈။ အာလူး
၉။ တုံယမ်း အနှစ်
တခြား ဟာတွေ ကတော့ အသားငါး အရွက် သွားပြေးဝယ်လို့ရတယ်။ဟင်းခတ်အမွှေးအကြိုင် ကတော့ အဲ့ဒါတွေလောက်ပဲ သိတယ်ဗျ။ မနက်ဖြန်ဟင်းချက်ချင်လို့လေ။ အဲ့ဒါ အကြံပေးပါဦး။
အမ ကတိလည်း မတည်ဘူး။ အင်္ဂလိပ်နာမည်နဲ့ ဟင်းခတ်အမွှေးအကြိုင်တင်ပေးမယ်
ဆိုပြီး တင်လဲ မတင်ပေးသေးဘူး။
ဟိုနေ့က အမပြောတဲ့အတိုင်း နာနတ်သီးနဲ့ ဝက်သားနဲ့ ကောင်းမှကောင်းပဲ။ အရမ်းကျေးဇူး တင်တယ်နော်။
တာ့တာ။
ရဲလင်းကို (ဘလော့ဂါလေး)
            ဘလော့ဂါလေးရဲ့ မေးလ်ကို ဖတ်ပြီးတော့မှ သူ့နဲ့ ဂျီတော့ခ်မှာ ချက်တင်လုပ်ရင်း ၀က်နံရိုးတုံယမ်း ချက်နည်းလေးကို ပြောပြဖြစ်ပါတယ်။ အခုဓာတ်ပုံကလည်း သူချက်ဖြစ်တဲ့ ၀က်နံရိုးတုံယမ်းချက်လေးပါ နော်။ ကျွန်မက ၀က်သားမစားတဲ့နိုင်ငံရောက်နေတဲ့ ဘလော့ဂါလေးရဲ့လက်ရာနဲ့ မောင်နှမများကို မျှဝေပေးပါရစေရှင်။
            လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်နံရိုး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ တုံယမ်း အနှစ်၊ သံပုရာသီး၊ ရှောက်ရွက်၊ စပါးလင်၊ နနွင်းမှုန့်၊ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆီတို့ပါနော်။
            ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပေးပြီး ငရုတ်သီးစိမ်း အညှာခြွေ ပေးထားပါ။ စပါးလင်ကိုလည်း  ဆေးကြောပြီး တစ်လက်မခွဲ အရှည်လောက် လှီးဖြတ်ပေးထားပါနော်။ ပြီးရင် ငရုတ်ဆုံ ထဲကို ချင်းကို အရင်ထည့်ပြီး ထောင်းပေးပါ။ ပြီးရင်တော့ စပါးလင်ကို ထည့်ထောင်းပေးပါနော်။ ပြီးတော့မှ ငရုတ်သီးစိမ်း၊  ကြက်သွန်ဖြူနီတို့ကို မညက်တညက်ထောင်းပေးထားပါနော်။ သံပရာသီးကိုလည်း အစိတ် လေးတွေ စိတ်ပေးထားပါနော်။
            အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် မီးအား ပြင်းပြင်းနဲ့ ၀က်နံရိုးတွေကို ထည့်ပြီး လှော်ပေးပါနော်။ အဲ့ဒီလို လှော်လိုက်တဲ့အတွက် ၀က်သားညှီနံ့ပျောက်သွား စေတဲ့အပြင် ချင်းရည်နဲ့ နယ်နှပ်ထားတဲ့အတွက် ၀က်နံရိုးထဲကို ချင်းနံ့မွှေးမွှေးလေးတွေ ၀င်သွားစေပါတယ် နော်။ ၀က်သားထဲက ထွက်လာတဲ့အရည်တွေ ခမ်းပြီဆိုရင်တော့ ၀က်သားတွေကို ပန်းကန်တစ်ချပ်ထဲ ခဏဆယ်ထည့်ပေးထားပါနော်။ ပြီးတော့ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ငရုတ်သီးတို့ကို မီးအားအသင့်အတင့်နဲ့ ဆီသတ်ပေးပါနော်။ ငရုတ်သီးကြက်သွန်နွမ်းပြီဆိုရင်တော့ တုံယမ်းအနှစ်နဲ့ ရှောက်ရွက်တို့ကို ထည့်မွှေပေးပါ နော်။ ပြီးတော့မှ ၀က်နံရိုးတွေထည့်ပြီး အားလုံးသမအောင် မွှေပေးပါနော်။ ပြီးရင် ၀က်နံရိုးမြုပ် ရုံရေထည့်ပြီးတော့ မီးအသင့် အတင့်နဲ့တည်ပေးပါ။ အဲ့ဒီရေခမ်းသွားပြီဆိုရင် ဟင်းအိုးကို နှံ့အောင်မွှေ၊ ပြီးတော့ အပေါ့အငန်မြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်၊ ပြီးတော့မှ အအီပြေစေရအောင် သံပုရာရည်လေးထည့်၊ ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပေးပါနော်။ ရေလည်းခမ်းပြီ၊ အရသာအပေါ့အငန်လည်း ကြိုက်ပြီဆိုရင်တော့ တုံယမ်း နံ့လေး သင်းပြီး ချိုချဉ်အရသာလေးနဲ့ ၀က်နံရိုးတုံယမ်းချက်လေး ရပါပြီနော်။ ကြိုက်တတ်ရင်တော့ ပင်စိမ်း ရွက်လေးအုပ်ပြီး သုံးဆောင်နိုင်ပါတယ်နော်။
          ကျွန်မရဲ့ မောင်နှမများထဲက ၀က်သားကြိုက်တတ်တဲ့မောင်နှမများအတွက် ၀က်သား ဟင်းချက်နည်းအဆန်းလေးကို ချက်စားနိုင်စေဖို့အတွက် မျှဝေလိုက်ပါတယ်နော်။
Wednesday, April 7, 2010
အင်ဒိုနီးရှား ငရုတ်သီးထောင်းနဲ့ တို့စရာအစုံ
10 comments
ငရုတ်သီးထောင်းနဲ့ တို့စရာအစုံ
ငရုတ်သီးထောင်းထမင်း
ငရုတ်ဆုံမျိုးစုံ (ဒီမှာသုံးတာကတော့ ကျည်ပွေ့အကောက်လေးနဲ့ဟာမျိုးနော်)
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို Sambal လို့ခေါ်တဲ့ အင်ဒိုနီးရှားငရုတ်သီးထောင်းလုပ်နည်းလေး မျှဝေပါရစေနော်။ 
Sambal လုပ်တဲ့အခါ ဒီမှာတော့ ငရုတ်သီးကို အစိုတွေချည်းသုံးကြတာ များပါတယ်။ ငရုတ်သီးအခြောက်ကို သုံးလေ့မရှိကြပါဘူးနော်။ Sambal အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အနီရောင် ငရုတ်သီးအစိုအပွ တောင့် (အရောင်လှစေဖို့) လက်တစ်ဆုပ်၊ စပ်တဲ့ငရုတ်သီးအစို (အစပ်စားနိုင်သလောက်ထည့်နော်)၊ ကြက်သွန်ဖြူ ၃ မွှာ၊ စပါးလင်း ၁ ပင်၊ ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီး တစ်လုံး၊ ဆားအနည်းငယ်၊ ဟင်းခပ်မှုန့် အနည်းငယ်နဲ့ ဆီအနည်းငယ်တို့ပါနော်။ (ကြိုက်တတ်ရင် ရှောက်ရွက် လည်း ထည့်လို့ရပါတယ်နော်)
ငရုတ်သီးတောင့်တွေကို အညှာခြွေရေဆေးပြီး တစ်လက်မအရှည်ဝန်းကျင် ဖြတ်တောက်ပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး အစိတ်လေးတွေ စိတ်ပေးပါနော်။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပေး ထားပါ။ စပါးလင်ကို ဆေးကြောသန့်စင်ပြီးနောက် တစ်လက်မအရှည်လောက် ဖြတ်တောက်ပေး ထားပါနော်။
အားလုံးအသင့်ဖြစ်ရင် ဒယ်အိုးထဲကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ စပါးလင်၊ ငပိစိမ်းစား၊ ဆား၊ ဟင်းခပ်မှုန့်အနည်းငယ်နဲ့ ဆီတို့ကိုထည့်ပြီး ကြော်ပေးပါ။ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတွေ နွမ်းအောင်အထိ ကြော်ပေးပါနော်။ ပြီးရင် တော့ အဲ့ဒီကြော်ထား တာတွေထဲက စပါးလင်ဖတ်ကို ဖယ်ပြီးတော့ ကျန်တာကို ငရုတ်ဆုံထဲ ထည့်ပြီး ထောင်းပေးပါနော်။ သူတို့ဆီမှာသုံးတဲ့ ငရုတ်ဆုံကတော့ ခပ်ပက်ပက်ငရုတ်ဆုံဖြစ်ပြီး ကျည်ပွေ့က ကောက်ကောက်ကလေးပါနော်။ ငရုတ်ဆုံပေါ် အဆာပလာထည့်ပြီးတဲ့အခါ ကျည်ပွေ့ကောက် လေးနဲ့ ကြိတ်ချေယူတာပါနော်။ အရသာ အပေါ့အငံကိုမြည်း၊ လိုအပ်တာကို ထပ်ဖြည့်ပြီး ပန်းကန်လုံးလေး ထဲ ထည့်လို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ စပါးလင်နံ့သင်းသင်းနဲ့ အရောင်နီရဲရဲ sambal ခေါ် အင်ဒိုနီးရှားငရုတ်သီးထောင်းလေး ရပါပြီနော်။ (ငရုတ်သီးထောင်းထဲကို မရမ်းသီး၊ သရက်သီးစိမ်းတို့ နဲ့လည်း ထည့်ထောင်းတတ်ပါသေးတယ်နော်။ ကျွန်မအထင်ကို ပြောရရင် သူတို့ငရုတ်သီးထောင်းက ကျွန်မတို့ ငါးပိထောင်းလိုပါပဲနော်၊ သူတို့က ငါးပိပါတာနည်းပြီး ခရမ်းချဉ်သီးပါသွားတာရယ်၊ စပါးလင်ထည့်တာရယ်၊ ဆီနဲ့ကြော်ပြီးမှ ထောင်းတာရယ်ကွာတယ်နော်။ ကျွန်မကတော့ ဆီနဲ့ ကြော်တာမကြိုက်လို့ ကျွန်မထောင်းတဲ့ ငရုတ်သီးထောင်းမှာ ဆီဘယ်တော့မှ ပါလေ့မရှိဘူး။)
ဒီမှာတော့ ငရုတ်သီးထောင်းက ကျွန်မတို့မြန်မာတွေ ငပိမပါရင် မစားတတ်သလိုပဲ သူတို့ကလည်း sambal မပါရင် မစားတတ်ကြပါဘူးနော်။ ပုံမှန်အားဖြင့် သူတို့ဆီမှာ (ကျွန်မ ရောက်နေတဲ့ ၈ျာဗာကျွန်းမှာတော့ sambal လုပ်တဲ့အထဲ သကြားထည့်ပါတယ်၊ ကံကောင်း လှစွာပဲ အချိုမကြိုက်သူကျွန်မအတွက် ကျွန်မနေရတဲ့ အမေကလည်း အချိုမကြိုက်တော့ အဆင်ပြေပါတယ်နော်)။ တချို့ကျတော့လည်း ငရုတ်သီးတွေကြော် နေတဲ့အထဲကို မန်ကျည်းနှစ် ထည့်တတ်ပါသေးတယ်။ 
sambal ငရုတ်သီးထောင်းကို စားခါနီးမှာ သံပရာရည်လေးညှစ်၊ အသီးအရွက်မျိုးစုံနဲ့ တွဲဖက်စားသုံးနိုင်သလို တိုဟူးပဲပြားကြော်၊ tempae လို့ခေါ်တဲ့ အင်ဒိုနီးရှားပဲပုပ်ကြော်၊ ကြက်ကြော်၊ ငါးကင် အစရှိတာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်နော်။
ငရုတ်သီးထောင်း ထောင်းပြီးရင် ငရုတ်ဆုံမှာရှိနေတဲ့ ငရုတ်သီးတွေကို ထမင်းနဲ့လူးပြီး စားရတာကိုလည်း ကျွန်မက သိပ်ကြိုက်ပါတယ်နော်။
မောင်နှမများလည်း တစ်ခါတလေ အပြောင်းအလဲလေးအဖြစ် အင်ဒိုနီးရှား ငရုတ်သီးထောင်းလေး လုပ်စား ကြည့်ကြပါဦးနော်။