

အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။ ဒီဘက်မှာ အင်တာနက်ပြန်လည်ပြုပြင်စစ်ဆေးနေတာမို့ စစချင်းမှာ မတ်လ (၂၅) ရက်နေ့အထိ အင်တာနက်ကွန်နက်ရှင်တွေ နှေးနေမယ်လို့ ပြောပေမယ့် အခုတော့ ပြင်ဆင်နေတာ မပြီးသေးတာမို့ ဧပြီလ (၁) ရက်နေ့ထိ ကြာမြင့်မယ်လို့ ထပ်မံသတိပေးထားပါတယ်။ အင်တာနက်ကွန်နက်ရှင်ကြောင့် ဘလော့ဂ်ကို လုံးဝ ဖွင့်မရပေမယ့် ၀ိုင်းတော်သားတွေက ဘလော့ဂ်ကို တာဝန်ယူပြီး ရှိပေးနေကြပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မ အင်တာနက်မကောင်းသော်ငြားလည်း ၀ိုင်းတော်သားများ၏ အကူအညီနဲ့ ဟင်းအသစ်လေးတစ်ပွဲ မျှဝေပေးလိုက်ပါတယ်နော်။
ကျွန်မ စတုတ္ထတန်းမှာ ပတ်တီးအဖွေးသားနဲ့ ဇာတ်ထဲက မင်းသားဖြစ်ခဲ့တဲ့အကြောင်းကို ပဲကြာဇံသုပ် ပို့စ်လေးထဲ ရေးပြီးပါပြီ။ အခုတစ်ခါမှာတော့ စတုတ္ထတန်း ကျောင်းပိတ်ခါနီးမှာ ဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြောပြပါရစေဦးနော်။ ကျွန်မ စတုတ္ထတန်းတက်နေတုန်း စာမေးပွဲတွေ နီးတော့ ကျွန်မတို့ အချိန်ပိုတက်ရကြတယ်လေ။ အဲ့ဒီတုန်းက လေးတန်းဆိုတာ အစိုးရစစ် (မြို့နယ်စစ်) မို့လို့ ဆရာ/ဆရာမတွေက ကျောင်းသားတွေကို ပိတ်ရက်မှာ အချိန်ပိုခေါ်ပြီး ကျောင်းသားတွေကို စာဖိသင်ပေးပါတယ်။ မူလတန်းကျောင်းလေးမို့ လေးတန်းဆိုတာ အဲ့ဒီကျောင်းမှာ အကြီးဆုံးအတန်း၊ ဆရာ/ဆရာမတွေကလည်း စိတ်အပူဆုံး၊ အောင်ချက် ကောင်းအောင်လည်း လုပ်ကြရတာမို့လေ ကျွန်မတို့ကို အချိန်ပိုစာသင်ပေးပါတယ်။
အဲ့ဒီနေ့က စနေနေ့။ ကျွန်မ အချိန်ပိုကျောင်းတက်ရမှာမို့ အိမ်ကနေ ထမင်းချိုင့်ထည့်ပေးလိုက်ပါ တယ်။ ကြုံလို့ ထမင်းချိုင့်အကြောင်း လျှာရှည်ပါဦးမယ်နော်။ ငယ်တုန်းက ထမင်းချိုင့်လေးတွေက သတ္တုချိုင့်လေ၊ လေးထောင့်အပြားလေးတွေ၊ ဟင်းထည့်တဲ့အံက ခပ်ကြီးကြီး တစ်ခုတည်းပါတာရှိသလို၊ ခပ်သေးသေး နှစ်ခုပါတာလည်းရှိတယ်။ ကျွန်မချိုင့်က အဲ့ဒီနေ့က ဟင်းနှစ်မျိုးမို့လို့ ဟင်းချိုင့်နှစ်ခုနဲ့ဟာ။ ပုံမှန်ဆိုရင် ထမင်းချိုင့်ထည့်ပြီးတိုင်း လက်သုပ်ပုဝါလေးနဲ့ ထုပ်ပြီးမှ ကျောင်းကို ယူလာရတာ။ ဒါပေမယ့် အဲ့ဒီနေ့က ကိုယ့်ဘာသာကိုယ် စတန့်ထွင်လာတာ၊ ထမင်းချိုင့်ကို လက်သုပ်ဝတ်နဲ့ မထုပ်ဘဲနဲ့ ထမင်းချိုင့် သပ်သပ်၊ လက်သုပ်ဝတ်သပ်သပ် သယ်လာတယ်။ ထည့်ပေးလိုက်တဲ့ ဟင်းကလည်း ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ်။ ကြိုက်လွန်းလို့ မနက်ကတည်းက နေ့လည်ကျရင် ရှယ်စားပစ်လိုက်မယ်လို့ စိတ်ထဲ တေးထားတာ။ ဒီလိုနဲ့ မနက်ကျောင်းခေါင်းလောင်းလည်း ထိုးရော ကျွန်မတို့တတွေ လှေကားထစ်ကနေအပေါ် ကို အလုအယက် အပြေးအလွှားတက်ကြပါတယ်။
လှေကားပေါ်အတက်မှာ ကျွန်မလက်ကို ဘယ်သူတိုက်လိုက်မိလဲ မသိပါဘူး၊ ဂလုံ့  ဂလွမ် ဆိုတဲ့ အသံနဲ့အတူ ကျွန်မလက်ထဲက လွတ်ကျသွားတဲ့ ထမင်းချိုင့်လေးက တမံသလင်းပေါ်မှာ့  စားမယ်လို့ စိတ်ထဲကနေ အားခဲထားတဲ့ ၀က်ကလီစာဟင်းလေးရယ်၊ ရှောက်သီးသုပ်လေးရယ်၊ ထမင်းတွေရယ်က တစ်စစီ၊ ချိုင့်ကလည်း အဖုံးတခြား၊ ဟင်းထည့်တဲ့ အံခွက်လေးတွေက တခြား။ မြင်ရတဲ့ မြင်ကွင်းလေးက စိတ်မချမ်းသာ စရာ၊ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်းဆိုတာ ဒါမျိုးထင်ပါရဲ့လို့ စိတ်ထဲက တွေးမိတယ်။ မစားလိုက်ရတဲ့ ထမင်းဟင်းလေးကို လှေကားပေါ်ကနေလှမ်းကြည့်ရင်း နှမြောလွန်းလို့ မျက်ရည်လည်မိသလို ဘယ်သူ့ကြောင့် ထမင်းချိုင့်လွတ်ကျသွားရတာလဲဆိုတာကို အပြေးအလွှား တရားခံရှာမိပါတယ်။
လှေကားအတက် ကျွန်မနောက်က ကပ်လျက်လိုက်ပါလာတာ ကျော်ခိုင်။ စိတ်ထဲက တွေးလိုက်တယ့့်  သင်းကြောင့်ပဲဖြစ်ရမယ်လို့လေ့  တကယ်တမ်း ထမင်းချိုင့်လွတ်ကျသွားတာ သူ့ကြောင့် ဟုတ်၊ မဟုတ် မသိပေမယ့် နောက်က ကပ်ပါလာသူလည်းဖြစ်၊ ကိုယ်တိုင်လည်း နေ့လည်စာ ထမင်းငတ်တော့မှာပဲဆိုတဲ့ အတွေးလေးကလည်းရှိနေ၊ သူငယ်ချင်းတွေကလည်း တစ်ယောက် တစ်မျိုး လှမ်းအော်နေတာမို့ ရှက်ရှက်နဲ့ပဲ ကျော်ခိုင်ကို ရန်ရှာပါတော့တယ်။ ကျော်ခိုင့့်  နင့်ကြောင့်မို့ ငါ့ ထမင်းချိုင့်တော့ သွားပြီ့  ငါ့ကို နေ့လည်စာ စားဖို့ နင်ပြန်လျော်ပေးလို့ ပြောလည်းပြော၊ နင့်အမေနဲ့ ငါ သွားတိုင်မှာလို့ ပြောလည်း ပြော၊ ငိုလည်း ငိုရင်း လှေကားထစ်ကနေ အပြေးအလွှား ဆင်းရင်းနဲ့ မှောက်ကျသွားတဲ့ ထမင်းဟင်းတွေကို နှမြောတသကြီးမားစွာနဲ့ တံမြက်စည်းလှည်း၊ ထမင်းချိုင့်ကိုကောက်သိမ်းရင်းနေခဲ့ပါတယ်။
နောက် ၁၀ မိနစ်လောက်နေတော့ အတန်းပိုင်ဆရာမနဲ့ ဆရာမကြီးလည်း ကျွန်မ ထမင်းဘူး မှောက်သွားတဲ့အကြောင်းလည်း သိသွားပါပြီ။ ကျော်ခိုင့်အမေလည်း ကျောင်းကို ရောက်လာပြီး ဆရာမများထံ ခွင့်ပန်ပြီး ကျွန်မကို နေ့လည်စာ သူတို့အိမ်မှာ ကျွေးခွင့်တောင်းသလို ကျွန်မကိုလည်း သမီးလေး ဘာမှ စိတ်မညစ်နဲ့နော်၊ စာမေးပွဲကြီးနီးနေပြီ၊ ဒီနေ့သမီးထမင်းချိုင့်မှောက်သွားတာအတွက် စိတ်မကောင်းလည်း မဖြစ်နဲ့၊ အန်တီတို့အိမ်မှာ သမီးကို နေ့လည်စာကျွေးပါမယ်နော်တဲ့။ စိတ်ထဲက ပျော်သွားပေမယ့် အန်တီတို့ အိမ်က သမီးထမင်းချိုင့်ထဲကလို ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ်တော့ ဘယ်ဟုတ်ပါ့မလဲနော်လို့ မေးချင် ပေမယ့် မမေးရဲခဲ့ပါ။ (ကျော်ခိုင်တို့အိမ်က ကျောင်းနဲ့ ကပ်လျက်ရှိပါတယ်)။
အဲ့ဒီတုန်းက မစားခဲ့ရတဲ့ ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ် အလွမ်းပြေလေး ဒီနေ့ ချက်စားတာလေး ကို မျှဝေပေးလိုက်ပါတယ်နော်။
ဝက်ကလီစာချက်ဖို့အတွက် လိုအပ်တာတွေကတော့ အူချို၊ အချင်း၊ နှလုံး၊ အသည်းနဲ့ ၀ယ်လို့ရတဲ့ ကလီစာလေးအစုံရယ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအပွတောင့်၊ တရုတ်မာဆလာအနည်းငယ်၊ ဆား၊ သကြား၊ ပဲဆီလို့ ကျွန်မတို့မော်လမြိုင်ကခေါ်တဲ့ ပဲငံပြာရည်အပျစ်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ဝက်အူချိုနဲ့ အချင်းကို သန့်ရှင်းရေးလုပ်ပြီး တစ်လက်မခွဲအရှည်လောက်လေးတွေရအောင် ဖြတ်ပေးပါ၊ နှလုံး၊ အသည်းတို့ကို သန့်စင်အောင် ရေဆေးပြီး အတုံးသားလေးတွေရအောင် လှီးပေးထားပါ။ ပြီးရင် ကလီစာတွေကို ဇလုံတစ်လုံးထဲထည့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အပျစ်တို့ထည့်ပြီး အားလုံး သမအောင် နယ်ပေးထားပါ။
ကြက်သွန်ဖြူနဲ့ ချင်းကိုလည်း အခွံနွှာပေးထားပါ။ ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူချင်းတို့ကိုအခွံနွှာ၊ ရေဆေးပေးထားပါ။ ပြီးရင်တော့ ငရုတ်ဆုံထဲမှာ ငရုတ်သီးကို အရင်ထည့်ထောင်း၊ ငရုတ်သီးညက်ရင် ချင်းထောင်း၊ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ထောင်းပေးထားပါ။
အားလုံးအသင့်ဖြစ်သွားတဲ့အခါ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ် ပြီးတဲ့အခါ ကလီစာထဲက အသည်းနဲ့ နှလုံးကို ဖယ်ပြီး ကျန်တဲ့ ကလီစာတွေကို ထည့်လိုက်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် အသာအယာမွှေပေးပြီး အဖုံးအုပ်လိုက်ပါ။ အသားထဲက ထွက်လာတဲ့ရေနဲ့ တစ်ရည်ခမ်းအောင်တည်ပြီးရင်တော့ အိုးအဖုံးဖွင့်၊ နှလုံးနဲ့ အသည်းတို့ကိုထည့်၊ ငရုတ်ဆုံဆေးရည်လေးထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ထပ်တည်ပေးပါ။ ဆီပြန်ကြိုက်ရင် ဆီပြန်တဲ့အထိ တည်ပေးနိုင်ပြီး အရည်ဆမ်းစားချင်ရင်တော့ ဆီကျန်ရေကျန် အချိန်မှာ အပေါ့အငံမြည်း၊ မာဆလာလေးအုပ်၊ လိုတာဖြည့်ပြီး ဟင်းအိုးချပေးပါနော်။ အဲ့ဒါဆိုရင်တော့ ၀က်ကလီစာဟင်းလေး တစ်ခွက်ရပါပြီနော်။
အအီပြေအောင်အတွက် ရှောက်သီးသုပ်လေးနဲ့ တွဲစားရအောင်နော်။
ရှောက်သီးသုပ်လုပ်နည်းလေးကို တစ်ခါက ဖော်ပြပေးခဲ့ဖူးပါတယ်နော်။ အခုလည်း မောင်နှမတွေ ရှာရခက်နေမှာစိုးလို့ ထပ်ထည့်ပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့ ရှောက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲဆံအလှော်၊ ပုဇွန်ခြောက်၊ ပဲမှုန့်အလှော်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်တို့ပါနော်။ ဂေါ်ဖီထုပ်ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်။
ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါနော်။ ပြီးရင် ကြက်သွန်နီအခိုးတွေ သက်သာရအောင်လို့ ရေဆေးပြီး သေချာညှစ်ပစ်ပါနော်။ မြေပဲဆံအလှော်ကိုလည်း မညက်တညက်လေးထောင်းထားပေးပါ။ ပြီးရင် ပုဇွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းထားပေးပါနော်။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးလှီးပြီးတော့ ဆီချက်ကြော်ထားပါ။ ဆီချက်ကြော်ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး ဒယ်အိုးထဲမှာကျန်တဲ့ဆီလေး နည်းနည်းနဲ့ ငါးပိစိမ်းစားလေးကို လှိမ့်ပေးပါနော်။ ငါးပိစိမ်းစားမီးကင်ရင် အနံ့အရမ်းပြင်းမှာစိုးရင် အဲ့ဒီနည်းနဲ့ပဲ လုပ်လိုက်ပါနော်။ နောက်ဆုံး ရှောက်သီးကို အခွံသင်၊ ပြီးတော့ အတွင်းက အခွံကို အလယ်ကနေ ခွဲပြီးတော့ ရှောက်သီးအသားတွေကို ယူပါပြီး ဆားနည်းနည်းထည့်ထားတဲ့ရေထဲ ထည့်စိမ်ပါနော်။ နောက်ပြီးတော့မှ ရှောက်သီးအသားတွေကို ရေထဲကနေ ဆယ်ယူပြီး ရေနည်းနည်းညှစ်ပေးလိုက်ပါနော်။
အားလုံးအသင့်ဖြစ်ပြီးတော့မှ ပန်းကန်တစ်ချပ်ထဲမှာ ရှောက်သီးထည့်၊ ကြက်သွန်နီထည့်၊ မညက်တညက်ထောင်း ထားတဲ့ ပုဇွန်ခြောက်မှုန့်၊ မြေပဲမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ အချိုမှုန့်တို့ကို ထည့်ပြီး သေသေချာချာ နှံ့အောင်နယ်ပါနော်။ တချို့ကတော့ ဗိုက်နာသက်သာရအောင်လို့ ငရုတ်ကောင်းမှုန့် ထည့်ပြီး သုပ်တတ်ပါတယ်။ အပေါ့အငံကိုမြည်းပြီး အငံနည်းနည်းပေါ့ရင်တော့ ငံပြာရည်လေးနည်းနည်းထည့်သုပ်ပါနော်။
အဲ့ဒါဆိုရင်တော့ မောင်နှမတွေအတွက် ထမင်းမြိန်စေမယ့် ၀က်ကလီစာနဲ့ ရှောက်သီးသုပ်လေး ချက်စားနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။
မလုရေ.. ပြီးခဲ့တဲ့ ပိတ်ရက်ကတော့ ပဲကြာဇံသုပ်စားဖြစ်လိုက်တယ်.. စားကောင်းတယ်.. ဒီတပတ်လည်း အိမ်မှာ ၀က်ကလီစာတွေ ၀ယ်ထားတာ ရှိတော့ ချက်စားဦးမယ်.. ရှောက်သီးသုပ်နဲ့ကို အတူ တွဲစားပစ်မယ်.. (ဒီမှာတော့ သံပုယိုသီးပေါ့.. )
ReplyDeleteမစားရတာကြာပြီမမရေ။ ဒီမှာ ဝက်ကလီစာချက်စားတာ မြန်မာနိုင်ငံတုန်းကလို စားလို့ မကောင်းဘူး။
ReplyDeleteရှောက်သီးတော့သုတ်စားဖြစ်တယ်။သံပုယိုသီးပေါ့
မမလုရေ.........
ReplyDeleteရှောက်သီးသုတ်လာစားသွားတယ်နော်
ဝက်သား ကမစားတော့ကြည့်သွားတယ်ပေါ့:D
မမလုရေ............
ReplyDeleteအားလုံးကြိုက်။
မိုးကောင်းသူတို့များ ငတ်ကြီးကျလိုက်တာနော်။
Hi Ma Lu
ReplyDeleteLast week I found out that I can buy Wet ka li sa at the Russian Shop near my house. Next week I will try to cook it. By the way I made Mon Nyin Chin. I am exciting to see the end result of mine. Take care
Hello,
ReplyDeleteYour blog has been featured in shweDarling.com’s Favourite Myanmar Blogs I: http://www.shwedarling.com/blog/2009/03/29/shwedarlingcoms-favourite-myanmar-blogs-i/
Cheers,
shweDarling.com Myanmar Blog
ညီမလေး လုလု ချက်တာဆို အားလုံးကြိုက်၊ တကယ်ကြိုက်၊ အမှန်အကန်ကြိုက်.. :)
ReplyDeleteယ်လို့ရတယ်လား အရမ်းကံကောင်းတာပဲနော်။ ချက်စားပစ် သံပယိုသီးသုပ်လေးနဲ့ပေါ့။
ReplyDeleteညီမလေးစုဗူးရေ့  ချက်စားနော်။ ရရင် မမကိုလည်း ကျွေးဦးနော်။
မြူးသျှရီရေ့  ၀က်သားမစားဘူးလားနော်။ ဆောရီးနော်။ ရှောက်သီးသုပ်လေးတော့ အားပေးဦးနော်။
မိုးကောင်းသူလေးရေ့ 
အစားက လူနဲ့တည့်တယ်တဲ့ စားမှ ကျန်းမာမှာ စားသာစားနော်
ရှင်လေးရေ့  ၀က်ကလီစာချက်ပြိးရင် မမလုလည်း ကျွေးဦးနော်။
မုန်ညင်းချဉ်လည်း အဆင်ပြေမှာပါနော်။
ရွှေဒါလင်မှာ အကြိုက်ဆုံးဘလော့ဂ်အမည်စာရင်းထဲမှာ ဖော်ပြပေးထားတဲ့အတွက် ကျေးဇူးပါနော်။
မမိုးချိုရေ့  အမှန်တကယ်ကြိုက်၊ တကယ်ကြိုက် အားလုံးကြိုက်ဆို အိမ်နီးနားချင်းသာဆို သိပ်ကောင်းမှာနော်။ နေ့တိုင်း ထမင်းအတူစားလို့ရမှာ
http://www.villain-lay.co.cc/2009/02/blog-post_26.html
ReplyDeleteကြုံတုန်းလေး တိုက်ဆိုင်လို့ အစ်မရေ့
ဟာရှယ်ပဲမမလုရေ
ReplyDeleteကြိုက်မှကြိုက်
ဝက်သားကတော်တော်ကောင်းတဲ့အသားပဲနော်:P
ရှောက်သီးသုတ်နဲ့ ဆိုတော့ အအီပြေတာပေါ့...
ReplyDeleteဟယ် ကောင်းလိုက်တာ။ ဗိုက်အောင့်တာ သေချာပျောက်သွားရင် ချက်စားပစ်မယ်။ ကျေးဇူးနော်။
ReplyDelete