မောင်နှမများအားလုံးမင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဇရစ်ရိုးနဲ့ ဆူးပုပ်ကို ပုစွန်ဆိတ်လေးနဲ့ ကြော်ကျွေးပါဦးမယ်နော်။ ဟင်းရံတစ်ခွက်ဆိုပေမယ့် ကြော်ကြော်ပြီးစမှာ ထမင်းပူပူလေးနဲ့ စားတဲ့အခါမှာတော့ အသားဟင်းနဲ့တောင် မလဲနိုင်ပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေကိုအရင်ပြောပြပါမယ်နော်။
ဇရစ်ရိုး
ဆူးပုပ်
ပုစွန်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဆား
ဆီနဲ့
ဟင်းခတ်မှုန့်အနည်းငယ်တို့ပါ။
more...
ဇရစ်ရိုးကို အရွက်နုလေးတွေရှိတဲ့ ထိပ်ပိုင်းကို ချိုးယူပြီး အောက်ဘက် အရင်းပိုင်းတွေကို ၂ လက်မအရှည်လောက်တွေ ဖြတ်တောက်ပေးပါ။ ပြီးရင် ဇရစ်ရိုးတွေကို ဆားလေးနဲ့ နာနာနယ်၊ ရေဆေးပြီး ရေစစ်ပေးထားပါ။
ဆူးပုပ်ရွက်ကို အခက်လိုက်ရေဆေးပြီးတော့မှ အရွက်လေးတွေကို ခြွေယူပါ။
ပုစွန်ကို ရေဆေးပြီး ဆူးတွေ အာခေါင်မှာ မစူးရအောင် ခေါင်းလေးနဲ့ အမြီးလေးတွေ ခြွေပစ်ပါ။ ပြီးတော့မှ ဆားလေးနည်းနည်းနဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ၊ ကြက်သွန်နီကို မထူမပါးလေး လှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီကိုထည့်ပြီး မွှေပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နည်းနည်းနွမ်းသွားတာနဲ့ ပုစွန်ကိုထည့်ပါ။ ပုစွန်အကွေးဆိုတဲ့အတိုင်း ပုစွန်လေးတွေ ကွေးကွေးလေးဖြစ်ပြီဆိုတာနဲ့ ဇရစ်ရိုးတွေကို ထည့်ကြော်ပါ။ ဇရစ်ရိုးကလည်း နူးလွယ်ပါတယ်။ ပြီးတာနဲ့ ဆူးပုပ်ရွက်လေးတွေကိုထည့်ပြီး သမအောင်မွှေ၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်၊ ရေလေး နည်းနည်းထည့်၊ ဒယ်အိုး အဖုံးအုပ်ပြီး ၂ မိနစ်လောက် တည်ပေးပါ။ ပြီးရင်တော့ အပေါ့အငံမြည်းပြီး စိတ်ကြိုက်အရသာရပြီဆိုရင်တော့ ဟင်းအိုးချလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ဇရစ်ရိုးဆူးပုပ်ရွက်ကြော် မွှေးမွှေးလေး ရပါပြီနော်။
=) thanks!
ReplyDelete