Wednesday, November 5, 2008

မာလကာသီး


ဒီနေ့တော့ ကျွန်မနဲ့ ကျွန်မတူမလေးတွေအကြိုက် လွယ်လွယ်ကူကူ မာလကာသီးလေးပဲ ကျွေးမယ်နော်။ ကီလိုမာလကာသီးအပွကြီးတွေ တစ်လုံးမှ ၂၀၀ ကျပ်ပါ။ သုံးလုံးဆို ၅၀၀ ကျပ်နဲ့ရပါတယ်။ မာလကာသီးကိုအခွံနွှာ၊ ရေဆေးပြီး ထက်ခြမ်းခြမ်းပါတယ်။ ပြီးတော့ အလယ်က အစေ့တွေမစားမိအောင်လည်း လုပ်လိုက်တယ်။ ပြီးတော့ ရသာပိုအမှုန့်လေးရယ် သံပုရာရည်လေး နည်းနည်းလောက်ထည့်ပြီး ရောနယ်လိုက်တာ။ ပြီးတော့မှ ရေခဲသေတ္တာထဲ ခဏလောက် ထည့်ပြီး အအေးခံလိုက်တယ်။ မာလကာသီး ပွပွလေးနဲ့ အရသာလေးက ချိုချိုလေးရယ် အေးအေးလေးရယ် စားရတာ အရသာရှိလိုက်တာ။ စားကြပါဦးနော်။

2 comments:

  1. ကျွန်တော်ကတော့ စပ်စပ်လေးကြိုက်တယ်ခင်ဗျ :)

    ReplyDelete
  2. ရသာပိုအမှုန့်လေးဆိုတာ ဘာကို ခေါ်တာလဲဟင်။

    ReplyDelete