Tuesday, August 26, 2008

ပဲကြော်မွမွလေး


မင်္ဂလာပါရှင့့်  မုန့်ဟင်းခါးချက်စားတိုင်း ပဲကြော်စားချင်ကြတဲ့ မောင်နှမများအတွက် ပဲကြော်ကြော်နည်းလေး မျှဝေလိုက်ပါတယ်နော်။ ပဲကြော်ကြော်တဲ့အခါ မုန့်နှစ်စပ်နည်း အမျိုးမျိုးရှိကြပါတယ်။ ချက်ချင်းစားဖို့အတွက်ဆိုရင်တော့ တန်ပူရာမှုန့်နဲ့ ကြော်လို့ရပေမယ့် တန်ပူရာမှုန့်နဲ့ကြော်ရင် ခဏလေးနဲ့ ပျော့သွားတတ်တယ်နော်။ တစ်ခါတလေကျတော့လည်း ပဲကြော်ကို ၀ါးရတာ မာမာကြီးဖြစ်နေတာတို့ ပြင်းတွဲကြီး ဖြစ်နေတာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးတွေ မဖြစ်စေဘဲ ပဲကြော်ကြွပ်ကြွပ်ရွရွမွမွလေး ဖြစ်အောင် ကြော်လို့ရမယ့် နည်းလေးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
ပဲကြော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။
ကုလားပဲ နို့ဆီဗူး တစ်ဗူး
ဆန်မှုန့် နို့ဆီဗူး တစ်ဝက်
ကောက်ညှင်းမှုန့် နို့ဆီဗူးသုံးပုံတစ်ပုံ
ဂျုံမှုန့် နို့ဆီဗူး သုံးပုံတစ်ပုံ
ချင်း အနည်းငယ် (အနံ့မကြိုက်ရင်တော့ မထည့်ပါနဲ့နော်)
ဆား လက်ဘက်ရည်ဇွန်း တစ်ဇွန်း
စားဆိုဒါ လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ရေ နို့ဆီဗူး သုံးခွက်
ဆီ လိုသလောက်
ဟင်းခပ်မှုန့် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း (အိမ်မှာ မသုံးဘူးဆိုရင်တော့ မထည့်ပါနဲ့နော်)


ကုလားပဲကို မချက်ခင် သုံးနာရီလောက်ကတည်းက ရေနွေးလေးနဲ့ စိမ်ပေးထားပါနော်။ ချင်းကို အခွံနွှာ ရေဆေးပြီး ခြစ်လိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးယူပြီး ရေစိမ်ထားတဲ့ ဇလုံထဲက ပဲတွေကို ဆယ်ယူထည့်ပါ။ ပြီးရင် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ဖော်ပြထားတဲ့အချိုးအစားတွေအတိုင်း ထည့်ပြီး အားလုံးသမအောင်ေjavascript:void(0)ဖျာ်ပေးပါ။ အမှုန့်တွေအားလုံးလည်း ရေထဲမှာ သေချာပျော်ဝင်အောင် နှံ့အောင် နယ်ပေးပါနော်။ အမှုန့်တွေ ရေထဲမှာ သေချာမပျော်ဘူး မနှံ့ဘူးဆိုရင် အကြော်ကြော်တဲ့အခါမှာ စားမကောင်းဖြစ်တတ်ပါတယ်။ မုန့်နှစ်ရည်အဆင်သင့် ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် (ဒယ်အိုးကိုလည်း အောက်ခြေအပြန့် အညီဖြစ်တဲ့အိုး= ဒယ်အိုးအပြားကို သုံးပါ)၊ ဆီထည့်ပြီး ဆီပူအောင် စောင့်ပါ။ ဆီပူလာပြီဆိုရင် မီးအားကို အသင့်အတင့်ပဲထားပြီး ယောက်ချိုဇွန်းနဲ့ မုန့်နှစ်တွေကို ခပ်ပြီး ဒယ်အိုးထဲ ဖြန့်ထည့်ပေးပါနော်။ မုန့်နှစ်ဟာနေတဲ့နေရာလေးတွေကိုလည်း မုန့်ရည်ထပ်ခပ်ပြီး ထပ်ဖြည့်ပေးပါနော်။
ကြော်နေရင်းနဲ့ အောက်ဘက်က နည်းနည်းဝါရောင်သန်းလာပြီး လှန်လို့ရတဲ့အနေအထားလေးဖြစ်လာ ပြီဆိုရင် ဟိုဘက်လှန်ပေးပါ။ ဟိုဘက်ဒီဘက် အကျက်ညီအောင် မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်လေး ကြော်ပေးပါနော်။ အဲ့ဒီတော့မှ အကျက်လည်းညီသလို အရောင်လည်းလှပါမယ်။ အကြော်က သိပ်ကြီးနေတယ်လို့ ထင်ရင်တော့ အကြော်ကို အလယ်ကနေ တ၀က်ခေါက်လိုက်ပါနော်။ ဒါမှမဟုတ်ရင်လည်း ပဲကြော်တွေကို ယောက်မအပြားနဲ့ အပိုင်းလေးတွေရအောင် ခြမ်းပေးပါနော်။ အကျက်ညီပြီဆိုရင်တော့ ပဲကြော်တွေကို ဒယ်အိုးထဲကနေ ဆယ်ပြီး ဆီစစ်ဇကာလေးထဲ ထည့်ပေးထားပြီး အအေးခံထားပါနော်။
နောက်တစ်ဒယ်မကြော်ခင်မှာ မီးဖိုက မီးကိုလျော့၊ ပထမအိုးကြော်ထားတဲ့ ဆီအိုးထဲက အကြော်အစအနတွေကို ဆီစစ်ဇကာပါတဲ့ ယောက်မတွေနဲ့ ဆယ်ယူစစ်ထုတ်ပါ။ ဆီလိုအပ်တယ်ထင်ရင်လည်း ထပ်ထည့်ပါနော်။ အဲ့ဒီနည်းနဲ့ ပဲကြော်တွေကို ကြော်လို့ရပါပြီ။
ရလာတဲ့ ပဲကြော်တွေကို အအေးခံပြီးရင် တစ်ခါတည်း စားလို့ မကုန်ဘူးဆိုရင် ဘယ်လိုသိမ်းမလဲဆိုတာကိုလည်း ပြောပြပါဦးမယ်နော်။ ခြောက်သွေ့တဲ့ အ၀ကျယ် ပုလင်းသန့်သန့်တစ်ပုလင်း ကိုယူပြီး ပဲကြော်တွေကို အချပ်လိုက်ပဲဖြစ်ဖြစ်၊ အသင့်စားလို့ရအောင် ခြေပြီးတော့ပဲဖြစ်ဖြစ် ထည့်ပြီး ပုလင်းကို လေလုံအောင် ပိတ်ပြီးသိမ်းထားနိုင်ပါတယ်။ ပလတ်စတစ်အိတ်နဲ့လည်း လေလုံအောင်ပိတ်ပြီး သိမ်းနိုင်ပါတယ်။
တကယ်လို့ သိမ်းထားတဲ့ပဲကြော် မစားဖြစ်တာကြာလို့ ပျော့သွားတယ်ဆိုရင် စားမကောင်းဖြစ်တော့မယ် ဆိုပြီး စိတ်မပူပါနဲ့နော်။ လျှပ်စစ်မီးဖို ဒါမှမဟုတ် မီးသွေးမီးဖို ပေါ်မှာ အသားကင်တဲ့အခါ တင်တဲ့ ဇကာလေးကို တင်ပြီး မီးအားလျော့လျော့လေးနဲ့ ကင်ပေးလိုက်ပါ။ ပဲကြော်ထဲကနေ ဆီတွေ စိမ့်ထွက်လာပြီး ပဲကြော်လေးလည်း ကြွပ်ကြွပ်ရွရွမွမွလေးဖြစ်ပြီး စားကောင်းပါလိမ့်မယ်နော်။
မုန့်ဟင်းခါးချက်လို့ပဲဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲချက်လို့ပဲဖြစ်ဖြစ၊ အာပူလျှာပူချက်လို့ပဲဖြစ်ဖြစ် ပဲကြော်လေးနဲ့မှ စားချင်တဲ့ မောင်နှမများအားလုံး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

6 comments:

  1. အမလုလုခင်ဗျား
    ဖြစ်နိုင်မယ်ဆိုရင် ပဲကြော်ပုံလေး တင်ပေးပါလားခင်ဗျာ။ ဒါမှ အပြည့်အ၀ သွားရေယိုလို့ရမှာပါခင်ဗျ
    ငတ်ကြီးကျနိုင်လွန်းသူ

    ReplyDelete
  2. မလုရေ... စမ်းကြော်ကြည့်ဦးမယ်.. ဒီမှာတော့ မုန့်ဟင်းခါး စားတိုင်း ပဲကြော်မပါလို့ တခုခုလိုနေသလိုပဲ.. အခုတော့ နည်းသိသွားပြီမို့ မလုကို ကျေးဇူး..

    မှိုထမင်းသုပ်လည်း စားကောင်းတယ်... ပြီးတော့ စမူဆာလည်း လုပ်စားတာလည်း အောင်မြင်တယ်... :D :D

    ReplyDelete
  3. ဒီနေ့ အုန်းနို့ခေါက်ဆွဲ ချက်စားတာ။ အတွေ့နောက်ကျတာ နာတယ်။ စနေ၊တနင်္ဂနွေမှ မကျေပွဲ နွှဲဦးမယ်။ ကျေးဇူးကြိုတင်ထားပါရစေ။

    ReplyDelete
  4. မမလုလု ကျေးဇူး

    ReplyDelete
  5. ငုတ်ကြီးကျနိုင်လွန်းသူရေ
    အကြော်ကြော်ဖြစ်တဲ့အခါ ပုံပါတင်ပေးပါမယ်နော်။
    မနုစံရေ့  မှိုထမင်းသုပ်ရော၊ စမူဆာရော အဆင်ပြေတယ်ဆိုလို့ ၀မ်းသာတယ်နော်။ ပဲကြော်လည်း ကြော်ကြည့်ဦး
    နုသွယ်ရေ့  ပဲကြော်ကြော်ပြီးရင် ဓာတ်ပုံပို့လိုက်နော်
    မနှင်းဆီရေ့ 
    ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  6. မလုရေ.. ပဲေုက်ာကို ဘယ်လိုဝိုင်းအောင်လုပ်ရမလဲဟင်...တနေရာတဲချတော့လဲ ထူသွားတယ်..ဖြန့်ထည့်တော့လဲ မ၀ိုင်းဘဲရှည်လမျောကြီးဖြစ်နေပြန်ရော.. ဘယ်လိုဝိုင်းအောင်ေုက်ာရမလဲ ဘယ်အချိန်မှာခေါက်ရမယ်ဆိုတာပြောပြပါနော်။

    ReplyDelete