ငါးမြင်းဇီးဖြူသီးဟင်းချက်ဖို့ လိုအပ်တာတွေကတော့ ငါးမြင်း၊ ဇီးဖြူသီး၊ ငရုတ်သီးအပုအပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။
ငါးမြင်းကို ရေဆေးပြီး အရွယ်တော်အတုံးလေးတွေဖြစ်အောင် တုံးပေးပါနော်။ ပြီးတော့မှ ငါးကို ဆား၊ နနွင်းမှုန့်၊ ငံပြာရည်၊ အချိုမှုန့်တို့နဲ့ နယ်ပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး ငရုတ်သီးအပုတောင့်နဲ့ ထောင်းထားပေးပါနော်။ ဇီးဖြူသီးတွေကိုလည်း ထုပြီးတော့ အစေ့တွေဖယ်ထားပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေး နည်းနည်းထည့်လိုက်ပါပြီ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီး ရွှေအိုရောင်ပြောင်းလာတဲ့အခါမှာတော့ နယ်ထားတဲ့ ငါးတွေကိုထည့်ပြီး ငရုတ်သီးတွေနဲ့ နှံ့အောင်မွှေပေးပါနော်။ ပြီးရင် အိုးအဖုံးလေးပိတ်ပြီး ခဏလောက်တည်ပေးပါ။ ရေကုန်လို့ ဟင်းအိုး ဖျစ်ဖျစ်မြည်လာရင် ဇီးဖြူသီးစိတ်တွေကိုထည့်၊ ငါးမြုပ်အောင်ရေထည့်ပြီး အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့ ခပ်ကြာကြာလေးတည်ပေးပါ။ ဒါမှ ဇီးဖြူသီးထဲက အချဉ်တွေက ငါးထဲကို အရသာဝင်သွားမှာလေ။ ဟင်းအိုး ဆီပြန်ပြီဆိုရင် အပေါ့အငံကိုမြည်းပြီး ငရုတ်သီးလေးတွေကို ထက်ခြမ်းခွဲထည့်ပြီး အဖုံးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ဖြုံးဖြုံးအရသာလေးနဲ့ ငါးမြင်းဇီးဖြူချက်လေး ရပါပြီနော်။
Ma Lu Lu,
ReplyDeleteI don't know zee-phyu-thee. How it looks like. If possible,could you please put pic of zee-phyu-thee? :P Thanks for ur sharing.