Wednesday, September 19, 2007

Thai Spring Roll လုပ်စားကြရအောင်




ချစ်မောင်နှမတွေအတွက် ဒီတစ်ခါတော့ ထိုင်းကော်ပြန့်စိမ်းလုပ်နည်းလေး လက်တို့လိုက်ပါရစေဦးနော်။ ကော်ပြန့်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ သခွါးသီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ mizu na လို့ခေါ်တဲ့ အရွက် ဆတ်လတ်ရွက်၊ ခရမ်းချဉ်သီး၊ ပဲကြာဇံ၊ ပုဇွန်၊ ၀က်သားအလွှာ၊ ကညွတ်ရယ်၊ rice paper လို့ခေါ်တဲ့ ကော်ပြန့်ရွက်ရယ်ပါ။








အချဉ်ရည်အတွက်ကတော့ ရှာလကာရည်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ သကြားအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ချင်းအနည်းငယ်တို့ပါနော်။
သခွါးသီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ mizu na လို့ခေါ်တဲ့ အရွက်၊ ခရမ်းချဉ်သီး အဲ့ဒါတွေကိုတော့ ရေဆေးပြီး လိုချင်တဲ့ ပုံစံလေးတွေအတိုင်း လှီးထားရုံပါပဲ။ ပုံထဲကအတိုင်းပေါ့နော်။ ကညွတ်ရယ်၊ ပဲကြာဇံရယ်၊ ၀က်သားအလွှာရယ်၊ ပုဇွန်ရယ်ကိုတော့ ပြုတ်ရမယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ကော်ပြန့်လိပ်မယ့် ပန်းကန်ပြားလေးတွေကို ယူပြီး rice paper (ဒီမှာ ၀ယ်လို့ရတဲ့အရွက်တွေက အခြောက်တွေပါ) တစ်ရွက်ကိုခင်းပါ။ ပြီးတော့ ရေဆွတ်ပေးပါ။ rice paper လေးက ရေနဲ့ ထိပြီး ကော်ပြန့်လိပ်လို့ခေါက်လို့ကောင်းမယ့် အနေအထားလေးရောက်လာရင် ဆတ်လတ်ရွက်၊ မုန်လာဥနီ၊ mizu na အရွက်၊ ထောပတ်သီး၊ သခွါးသီး၊ ခရမ်းချဉ်သီး၊ ကြာဇံ၊ ၀က်သား၊ ပုဇွန်တို့ကို သေချာလှလှပပ စီစီရီရီလေး ထည့်ပေးပါ။ ပြီးရင်တော့ ကျစ်ကျစ်လစ်လစ်လေးဖြစ်အောင် သေချာလိပ်ပေးပါ။ အဲ့ဒါဆိုရင်တော့ ကော်ပြန့်လိပ်လေးတွေရပါပြီ။
အချဉ်အတွက်ကိုတော့ ပန်းကန်လုံးတစ်လုံးထဲ ရေနွေးထည့်၊ ရှာလကာရည်၊ ငံပြာရည်၊ သကြားအနည်းငယ်ထည့်ပြီး အရင်မွှေပေးပါ။ ပြီးတော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူနဲ့ ချင်းကိုခြစ်ပြီးထည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ငံစပ် အချဉ်ရည်လေးရပါပြီ။
ပြီးရင် ကော်ပြန့်စိမ်းလိပ်လေးကိုယူ၊ အချဉ်ရည်ပန်းကန်လေးထဲ ခဏလေး နှစ်ပြီး စားရုံပါပဲနော်။ အာဟာရလည်းဖြစ်၊ ကယ်လိုရီလည်း မများတဲ့အတွက် ကျန်းမာရေးအတွက်လည်းကောင်းပြီး Diet လည်း လုပ်ပြီးသားဖြစ်တဲ့အတွက် အဆင်ပြေတယ်လေ့  လုပ်ရတာလည်း မခက်တဲ့အတွက် ချစ်မောင်နှမတို့ရေ့  လက်စွမ်းပြပြီး စမ်းသပ်ကြည့်ကြပါဦးနော့့် 

2 comments:

  1. ဒီကော်ပြန့်လိပ်ကရော စပ်လားဟင် ယိုးဒယားစာဆိုရင်စပ်လွန်းလို့ ထဏထဏ နိုရတယ် :P

    ReplyDelete
  2. အခု ကော်ပြန့်ကတော့ မစပ်ပါဘူးနော်။ စိတ်ချလက်ချသာ စားပါနော် မယ်မယ်ရေ

    ReplyDelete