Tuesday, September 11, 2007

ပိန်းရိုးဟင်း


ငယ်ငယ်တုန်းက အဘွားက ပြောဖူးတယ့့်  ပိန်းရိုးတို့ ပိန်းဥတို့စားတဲ့အခါကျရင် အာခေါင်ယားတတ်တဲ့သူက နောက်ကြောင်းမရှင်းလို့တဲ့  နောက်ကြောင်းမရှင်းတာဘာလဲလို့ လာမေးနဲ့နော့့်  ဟိ့  သိချင်ရင် တိတ်တိတ်လေး လာမေ့း့ ဟိ့ 






မော်လမြိုင်မှာနေတုန်းက အဘွားက ပိန်းရိုးကို ပုဇွန်ပေါက်စနလေးတွေနဲ့ ချက်ကျွေးရင် သိပ်ကြိုက်တာပဲ။ တစ်ခါတလေကျတော့ ဟင်းခါးလေးချက်သလို တစ်ခါတရံကျတော့လည်း မိုးမျှော်သီး မရမ်းပြား ငါးပိစိမ်းစားနဲ့ မွန်ဟင်းချက်ကျွေးတယ်။ နှစ်ခုလုံးကို ကြိုက်ခဲ့တာ့ 
မနေ့က ဈေးသွားတော့ ပိန်းရိုးနဲ့ ခပ်ဆင်ဆင်တူတာလေးတွေ့လို့ ၀ယ်လာတာ။ ငါးပေါက်စနေသေးသေးလေး တွေလည်းဝယ်လာခဲ့သေးတယ်။ ဒီနေ့ညနေ ကျောင်းက ပြန်လာတော့ ဗိုက်ကလည်း ဆာ၊ တခြား အသားဟင်းတွေ ရှိပေမယ့် မစားချင်တာနဲ့ ပိန်းရိုးဟင်းချက်မယ်ဆိုပြီး ချက်ဖြစ်တာ့  ဒီက ပိန်းရိုးကတော့ မြန်မာပြည်က ပိန်းရိုးနဲ့ မတူဘူ့း့ မြန်မာပြည်က ပိန်းရိုးက ပိုနူးညံ့ပြီး အရသာပိုရှိတယ့့်  အိမ်ပြန်ရခါနီးပါပြီဆိုမှ လွမ်းပြနေပြန်ပြီနော့့်  နာ့နှယ့့်  ဒွတ်ခ့
အဲ့  လေကြောရှည်နေတာ့  အခု ချက်နည်းလေးတော့ ပြောပါရစေဦးနော့့် 
လိုအပ်တဲ့ပစ္စည်းတွေကတော့ ပိန်းရိုး၊ ငါး ဒါမှမဟုတ် ပုဇွန်ပေါက်စကွေးလေးတွေ၊ ကြက်သွန်ဖြူနီ၊ ငရုပ်သီးစိမ်း၊ ငါးပိစိမ်းစား၊ မရမ်းပြား ဒါမှမဟုတ် သံပုရာရည်၊ ဆား၊ အချိုမှုန့် ၊ ငရုပ်ကောင်းမှုန့်တို့ပါ။
ပိန်းရိုးကို အမျှင်လေးတွေအရင်သင်ပစ်ပါ။ ပြီးတော့မှ ရေဆေးပြီး ကိုယ်လိုချင်တဲ့ အရွယ်လောက်ဖြစ်အောင် လှီးပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီထောင်းထားပါ။ မရမ်းပြားကိုပါ ထောင်းပါ။ (မရမ်းပြားမရှိရင် စားခါနီးမှ သံပုရာရည် ဒါမှမဟုတ် ရှောက်ရည် ညှစ်ထည့်ပါ)။
အိုးတစ်လုံးကိုယူ ပိန်းရိုး၊ ငါးပေါက်စကွေးလေးတွေရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းတွေရယ်၊ မရမ်းပြားထောင်းရယ်၊ ငါးပိစိမ်းစားရယ်၊ ဆား၊ အချိုမှုန့် အားလုံးကို ထည့်ပြီး သေချာနယ်ပေးပါ။ ပြီးတော့မှ လုံးရေလေး နည်းနည်းထည့်ပြီး မီးဖိုပေါ်တင်ပါ။ ပထမတစ်ရေ ကုန်ခါနီးကျရင် နောက်ထပ် ကိုယ်လိုချင်တဲ့ အနေအထားလောက် ရေထပ်ထည့်ပေးပါ။ အရည်သောက်ကြိုက်ရင် အရည်များများလေးထည့်ပေးပေါ့နော်။ ဟင်းအိုးကို တော်တော်ကြာကြာတဲ့အထိ ပေးဆူပါ။ ဟင်းအိုးကျတဲ့အထိ ပွက်ပွက်ပေးဆူပြီးရင်တော့ အရသာ အပေါ့အငံကို မြည်းပြီး ငရုတ်ကောင်းမှုန့်လေး ထည့်ပြီး ဟင်းအိုးချရုံပါပဲ။ နံနံပင်၊ ကြက်သွန်စိမ်း၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်သလို ထည့်စားလို့ရပါတယ်။ ကျွန်မတော့ ကြက်သွန်မြိတ်လေးပဲ ထည့်စားလိုက်တာပါပဲလေ့  မိုးမျှော်သီးက စပ်၊ မရမ်းပြားက ချဉ်၊ ငါးပေါက်စကွေးနဲ့ ပိန်းရိုးက ချို၊ ငရုတ်ကောင်းက ပူ့ ဟူ့း့ ချွေးလည်းထွက်၊ နှပ်လည်းထွက့့်  လူလည်း တော်တော်လေး နေလို့ ကောင်းသွားတယ့့်  ပွင့်သွားတာပဲ့  ဘော်ဘော်တို့ရေ့  မြည်းကြည့်ကြပါဦးနော့့် 

0 comments:

Post a Comment