Saturday, August 4, 2007

ကန်စွန်း ပြည်ကြီးငါးသုပ်


ဒီနေ့တော့ ပြည်ကြီးငါးနဲ့ ကန်စွန်းရွက်နဲ့ သုပ်စားမလားစိတ်ကူးတယ်။
လိုတဲ့ပစ္စည်းများလေးတွေကို အသင့်ပြင်လိုက်အုံးမယ်။သန့်ပြီးသားပြည်ကြီးငါး
၂၀၀ ဂရမ်ကို လက်မ၀က်ခန့်အရှည်များဖြစ်အောင်ဖြတ်လိုက်တယ်။
ပုဇွန် အကောင်လတ် ၂၀၀ ဂရမ်လောက်ရယ်။ ကန်ဇွန်းညွန့် ၂၀၀ ဂရမ်ရယ်ကို သန့်စင်ပါတယ်။

ငံပြာရည် စားပွဲတင်ဇွန်း ၂
ပဲငံပြာရည်စားပွဲတင်ဇွန်း ၁ ဇွန်း
သကြားလက်ဘက်ရည်ဇွန်း ၁ ဇွန်း
အချိုမှုန့်အနည်းငယ်(ကျန်းမာရေးအတွက်ရှောင်မယ်ဆိုလဲ မထည့်နဲ့နော်)
ကြက်သွန်ဖြူ ၂ မွှာ (ခြစ်ပြီးသား)
သံပုရာသီး ၃ လုံး၊
ခရမ်းချဉ်သီး ၁ လုံး
ငရုတ်သီးစိမ်း ၅ တောင့် (ပါးပါးလှီးပြီးသား) အဲဒါတွေ..အဲဒါတွေပေါ့။

ငရုတ်သီး၊ ငံပြာရည်၊ ပဲငံပြာရည်၊ သကြားတို့ကို ရောမွှေပြီး ၁၅ မိနစ်တည်ရပါတယ်။
ဒယ်အိုးထဲ ဆီထည့်ပြီး မီးပူပေးပါ။ မီးအသင့်အတင့်ဖြင့် ကြက်သွန်ဖြူဆီချက် ချက်ပြီး
ခပ်ထားလိုက်ပါတယ်။ ဒယ်အိုးထဲ ပြည်ကြီးငါးနှင့် ပုဇွန်များကို ထည့်ပြီး ၂ မိနစ်မှ
၃ မိနစ်ခန့် မွှေ၊ ပြီးတော့ ငရုတ်သီးချဉ်ရည်တို့ကို ထည့်မွှေပြီး
သီးသန့်ပန်းကန်တစ်ခုမှာဖယ်ထားလိုက်ပါတယ်။ ပြည်ကြီးငါးပုဇွန်တို့ကို
ကန်စွန်းရွက်ထည့်၊ ကြက်သွန်ဖြူဆီချက်နှင့်
သံပုရာရည်ထည့်ကာ ရောနယ်။ ပြည်ကြီးငါးပုဇွန်ကန်စွန်းရွက်သုပ်ရပါပြီ။

0 comments:

Post a Comment